ဖိလစ်ပိုင်နိုင်ငံရှိ အမေရိကန်နိုင်ငံသားများအား ပြန်ပေးဆွဲခြင်းနှင့် သတ်ဖြတ်ခြင်း .

အဘူစာရဖ်အုပ်စု (ASG) တပ်မှူး ဟမ်စီရာဂျီ စလီ တည်ရှိရာနေရာကို လမ်းပြပေးသည့် သတင်းအချက်အလက်အတွက် RFJ မှ ဆုငွေ ဒေါ်လာတစ်သန်း ပေးခဲ့ပါသည်။
ဟမ်စီရာဂျီ စလီသည် ၂၀၀၀ ပြည့်နှစ် သြဂုတ်လ ၂၈ ရက် ASG မှ ဂျက်ဖရီ ရှီးလင်းအား ပြန်ပေးဆွဲခြင်းနှင့် ၂၀၀၁ ခုနှစ် ဒို့စ်ပါးလ်မာစ် ပြန်ပေးဆွဲသည့် အဖြစ်အပျက်တို့တွင် ဟမ်စီရာဂျီ စလီပါဝင်ခဲ့ပါသည်။ ဂျက်ဖရီ ရှီးလင်းအား လွှတ်ပေးရန် အလဲအလှယ်အနေဖြင့် ASG သည် ဒေါ်လာ ၁၀ သန်းနှင့် အမေရိကန်အကျဉ်းထောင်မှ နိုင်ငံတကာ အကြမ်းဖက်သမား သုံးဦးဖြစ်သည့် အယ်လ်ခိုင်းဒါးတပ်သား ရမ်ဇီယုစဖ်၊ ၀ါလီခန်းနှင့် အီဂျစ် အကြမ်းဖက်အုပ်စု အယ်လ်ဂမားအတ် အယ်လ်အစ္စလာမီးယား၏ ဘာသာရေးခေါင်းဆောင်ဖြစ်သည့် (မျက်မမြင် အစ္စလာမ် ဘာသာရေးခေါင်းဆောင်ဟုလည်း သိကြသည့်) အိုမာ အဘ်ဒ် အယ်လ်ရာမန်တို့ကို လွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။
၂၀၀၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ဖိလစ်ပိုင် လက်နက်ကိုင်အင်အားစုများက ဂျက်ဖရီ ရှီးလင်းအား ထိန်းသိမ်းထားသည့် ASG စခန်းကို ဝင်ရောက်သိမ်းပိုက်စဉ် အတောအတွင်း ၎င်းသည် ၎င်းအားဖမ်းဆီးထားသူများကို အောင်မြင်စွာ ရှောင်ရှားနိုင်ခဲ့ပြီး အမေရိကန် ပြည်ထောင်စုသို့ ၎င်းအား ပြန်ပို့ခဲ့ပါသည်။
၂၀၀၁ ခုနှစ် မေလ ၂၇ ရက်နေ့တွင်၊ ASG သည် ဖိလစ်ပိုင်နိုင်ငံ ပလာဝမ်ကျွန်းမှ ဒို့စ်ပါးလ်မားစ် အပန်းဖြေစခန်းရှိ အမေရိကန် နိုင်ငံသားသုံးဦးကို ပြန်ပေးဆွဲခဲ့ပါသည်။ ထိုသုံးဦးမှာ ဂီယဲမို စိုဘယ်ရိုနှင့် မာတင်နှင့် သာသနာပြု ဇနီးမောင်နှံ ဂရေစီယာ ဘန်းဟမ်းတို့ဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါသည်။ ၂၀၀၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ဖိလစ်ပိုင်သမ္မတ ဂလိုရီယာ မာကာပဂါးလ် အရိုယိုအတွက် မွေးနေ့လက်ဆောင်အဖြစ် ဂီယဲမို စိုဘဲရိုကို ကွပ်မျက်ခဲ့သည်ဟု ASG ပြောရေးဆိုခွင့်ရှိသူ အဘူစဘာယာမှ ကြေညာခဲ့ပါသည်။ ၂၀၀၁ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဘာစလံကျွန်းမှ လူဦးခေါင်းခွံတစ်ခုကို ရရှိခဲ့ပြီး ယင်းမှာ ဂီယဲမို စိုဘဲရို၏ ဦးခေါင်းခွံ ဖြစ်ကြောင်း အတည်ပြုခဲ့ပါသည်။ ၂၀၀၂ ခုနှစ် ဇွန်လတွင် ဖိလစ်ပိုင်စစ်သားများနှင့် ASG တို့ အပြန်အလှန် ပစ်ခတ်မှုအကြား မာတင်ဘန်းဟမ်း ကွယ်လွန်ခဲ့ပါသည်။ ဂရေစီယာဘန်းဟမ်းမှာ ဒဏ်ရာရရှိသော်လည်း ၎င်းကိုကယ်ဆယ်ပြီး အမေရိကန်သို့ ပြန်လည်ပို့ခဲ့ပါသည်။
၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်ခုံသမာဓိအဖွဲ့က စာလီအား ကိုလံဘီယာခရိုင်အား သေဆုံးမှု ဖြစ်စေခဲ့သည့် လျှို့ဝှက်ကြံစည်မှု၊ ဓားစာခံအဖြစ် ဖမ်းဆီးမှုနှင့် သေဆုံးမှုဖြစ်စေသည့် ဓားစာခံအဖြစ် ဖမ်းဆီးမှုတို့အတွက် စွဲချက်သုံးချက်ဖြင့် စွဲချက်တင်ခဲ့ပါသည်။ ၂၀၀၄ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင်၊ သတင်းပေးသူ အများအပြားမှ ပေးသည့် သတင်းပေးချက်အရ ဖိလစ်ပိုင်စစ်တပ် ကင်းထောက်ရိန်းဂျားများ (Philippine Army Scout Rangers) သည် စာလီကို ဖမ်းဆီးရန် စစ်ဆင်ရေးတစ်ရပ် စတင်ခဲ့ပြီး ၎င်းသည် စစ်သားများနှင့် အပြန်အလှန်ပစ်ခတ်ရင်း သေဆုံးခဲ့ပါသည်။
သတင်းပေးရန်
သင့်အပိုင်းကို လုပ်ဆောင်ပါ။ ပိုမို၍ဘေးကင်းလုံခြုံသော ကမ္ဘာနှင့် ပိုမိုတောက်ပသော အနာဂတ်တို့ကို ရယူပါ။ တရားမျှတသောဆုငွေ အစီအစဉ်၏ သတင်းပေးဖို့ ရွေးချယ်လုပ်ဆောင်ချက်များအကြောင်း ပိုမိုလေ့လာရန် ခလုတ်နှိပ်ပါ။
- ဓားစာခံ/ပြန်ပေးဆွဲခြင်း
- မြောက်ကိုးရီးယား
- ရွေးကောက်ပွဲ ၀င်ရောက်စွက်ဖက်မှု
