Success stories

မီယဲအိုင်မဲလ်ကန်ဇီ (ကွပ်မျက်ခံရ)

အမေရိကန်များအား သတ်ဖြတ်မှု .

၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၅ ရက် ဗဟိုထောက်လှမ်းရေးဌာန (Central Intelligence Agency – CIA) သို့ အလုပ်လုပ်ရန် အသွား ဝန်ထမ်းနှစ်ဦးအား သတ်ဖြတ်ခဲ့ပြီး အခြားသုံးယောက်အား ဒဏ်ရာရစေသည့် သေနတ်သမားဖြစ်သည့် မီယဲအိုင်မဲလ်ကန်ဇီ အားဖမ်းဆီးမိစေသည့် သတင်းအချက်အလက်ပေးသော ပုဂ္ဂိုလ်တစ်ဦးအား RFJ မှ ဆုငွေပေးခဲ့ပါသည်။

ကန်ဇီသည် ဗဟိုထောက်လှမ်းရေးဌာနချုပ်အရှေ့ မီးပွိုင့်တွင်စောင့်နေသည့် ကားများအား ၎င်း၏ AK-47 တိုက်ခိုက်ရေး ရိုင်ဖယ်ဖြင့် သတိပေးခြင်းမရှိ၊ ရန်စခြင်းမရှိဘဲ တိုက်ခိုက်ခဲ့ပါသည်။

တိုက်ခိုက်ပြီးနောက် ကန်ဇီသည် အမေရိကန်ပြည်ထောင်စုမှ ချက်ချင်းထွက်ပြေးခဲ့ပြီး ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် ၁၉၉၇ ခုနှစ် ဇွန်လ ၁၅ ရက်နေ့၌ ဖမ်းဆီးမိသည်အထိ ဝရမ်းပြေးဖြစ်ခဲ့ပါသည်။ တရားရုံး၌အမှုရင်ဆိုင်ရန် ၎င်းအား အမေရိကန်ပြည်ထောင်စုသို့ ပြန်ပို့ခဲ့ပါသည်။

၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင်၊ CIA ဝန်ထမ်းနှစ်ဦးအား သတ်ဖြတ်မှုအတွက် ဗာဂျီးနီးယားပြည်နယ် ဖဲဖက်စ်မြို့တွင် ခုံရုံးသမာဓိလူကြီးများက ကန်ဇီအား ပြစ်မှုထင်ရှား တွေ့ရှိခဲ့ပါသည်။ ၂၀၀၂ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကန်ဇီအား ကွပ်မျက်လိုက်ပါသည်။

Skip to content