အာရေဗျကျွန်းဆွယ်ၡိ အယ်လ်ခိုင်းဒါး (Al-Qa'ida in the Arabian Peninsula- AQAP)

အၡေ့အလယ်ပိုင်း - မြောက်အာဖရိကနှင့် အၡေ့အလယ်ပိုင်း

ဆုငွေ

သင့်အပိုင်းကို လုပ်ဆောင်ပါ

About

အာရေဗျကျွန်းဆွယ်္ခိ အယ်လ်ခိုင်းဒါး (Al-Qa’ida in the Arabian Peninsula- AQAP) သည် ရေမန်နှင့် ဆော်ဒီအကြမ်းဖက်သမားများ ပေါင်းစပ်ပြီးနောက် ၂၀၀၉ ခုနှစ် ဇန်နဝါရီလတွင် ထွက်ပေါ်လာသော ရေမန်အခြေစိုက် အစွန်းရောက်အုပ်စုတစ်စုဖြစ်သည်။ AQAP မှဖော်ပြထားသည့် ရည်မှန်းချက်များတွင် မွတ်စလင်ပိုင်နက်တစ်ရပ် တည်ထောင်ပြီး အာရေဗျကျွန်းဆွယ်နှင့် ပိုမိုကျယ်ပြန့်သော အရှေ့အလယ်ပိုင်းတွင် ရှရီယာဥပဒေကို အကောင်အထည်ဖော်ရန်တို့ ပါဝင်ပါသည်။ AQAP သည် ဒေသတွင်းအပြင် ပြည်ပရှိ အမေရိကန်ပြည်ထောင်စုနှင့် အနောက်အုပ်စုတို့၏ အကျိုးစီးပွားများကို ပစ်မှတ်ထားခဲ့ပါသည်။ ဤအုပ်စုသည် ၂၀၁၅ ခုနှစ်တွင် လူ ၁၂ ဦးသေဆုံးစေသော ပဲရစ်မြို့ရှိ သရော်သတင်းတာ Charlie Hebdo ရုံးများကို တိုက်ခိုက်ခြင်း အပါအဝင် အကြမ်းဖက်လုပ်ရပ် အမျိုးမျိုးကို လုပ်ဆောင်ခဲ့သည်ဟ အခိုင်အမာပြောဆိုခဲ့ပါသည်။

AQAP သည် AQ နှင့် ဆက်စပ်နေပြီး၊ AQAP စော်ဘွားသည် တိုက်ခိုက်မှုများကို စီစဉ်ရန် AQ ခေါင်းဆောင်ပိုင်းနှင့် အနီးကပ်လုပ်ကိုင်ပါသည်။ AQAP ဗုံးဖြင့်တိုက်ခိုက်သူ al-Asiri သည် ၂၀၁၂ ခုနှစ် ခရစ္စမတ်နေ့ လေကြောင်းကိုတိုက်ခိုက်ရန် လျှို့ဝှက်ကြံစည်မှု အောက်ခံဘောင်းဘီဗုံးကို ဒီဇိုင်းရေးဆွဲခဲ့ပြီး ဆက်သားများမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုသို့လည်း ပုံနှိပ်စက်ဗုံးများ ပို့ခဲ့ပါသည်။

၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင်၊ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနသည် AQAP အား လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံတော်သမ္မတအမိန့် ၁၃၂၂၄ ပြင်ဆင်ချက်အရ အထူးသတ်မှတ်ထားသော တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် အမေရိကန် ပြည်ထောင်စု၏ တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ AQAP ၏ အိုးအိမ်ခြံမြေနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားများအား ပိတ်ပင်လိုက်ပြီး အမေရိကန် နိုင်ငံသားများအား AQAP နှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင် တားမြစ်ထားပါသည်။ ထို့အပြင် AQAP အား ပစ္စည်း အထောက်အပံ့ သို့မဟုတ် အရင်းအမြစ်များကို သိလျှက်နှင့် တမင်ပေးခြင်း၊ သို့မဟုတ် ပေးရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် ပေးရန် ကြံစည်ခြင်းသည် ရာဇဝတ်မှုဖြစ်ပါသည်။

Skip to content