အစ္စလာမ် မဂရက်ဘ်ၡိ အယ်လ်ခိုင်းဒါး (Al-Qa'ida in the Islamic Maghreb - AQIM)

အၡေ့အလယ်ပိုင်း - မြောက်အာဖရိကနှင့် အၡေ့အလယ်ပိုင်း

ဆုငွေ

သင့်အပိုင်းကို လုပ်ဆောင်ပါ

About

နဂိုမူလက တရားဟောခြင်းနှင့် တိုက်ပွဲအတွက် စလဖစ္စအဖွဲ့ (Salafist Group for Preaching and Combat -GSPC) ဟု သိကြသည့် အစ္စလာမ် မဂရက်ဘ်ရှိ အယ်လ်ခိုင်းဒါး (AQIM) သည် ၂၀၀၆ ခုနှစ်တွင် အယ်လ်ခိုင်းဒါးထံ သစ္စာခံခြင်းကို ကြေညာပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ AQIM သည် စဟဲလ်ရှိ ဒေသအလိုက် အာရုံစိုက်သည့် အကြမ်းဖက် အုပ်စုအဖြစ် အဓိကအားဖြင့် ဆက်လက်ရှိနေသော်လည်း အနောက်တိုင်းဆန့်ကျင်မှုပိုဆန်သည့် ပြောဆိုဟန်နှင့် အတွေးအခေါ် သဘောတရားတို့ကို လက်ခံပါသည်။

AQIM သည် အသေခံဗုံးဖောက်ခွဲခြင်းများ၊ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းများနှင့် ငွေပေး၍ရွေးရန်အတွက် ပြန်ပေးဆွဲခြင်းများ အပါအဝင် အကြမ်းဖက်လုပ်ရပ်များကို ပုံမှန်ပင် ကျူးလွန်ခဲ့ပါသည်။ ၂၀၀၇ ခုနှစ်တွင် AQIM မှ ကုလသမဂ္ဂဌာနချုပ် အဆောက်အဦးနှင့် အယ်လ်ဂျီးယားစ် ရှိ အယ်လ်ဂျီးယား အစိုးရအဆောက်အဦးတို့ကို ဗုံးဖောက်ခွဲခြင်းကြောင့် လူအယောက် ၆၀ သေဆုံးခဲ့ပါသည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် AQIM သည် ဘူရ်ကီးနား ဖာဆိုရှိ ဟော်တယ်တစ်ခုကို တိုက်ခိုက်ခဲ့သည့်အတွက် လူ ၂၈ ဦး သေဆုံးပြီး ၅၆ ဦး ဒဏ်ရာရခဲ့ပါသည်။ ၂၀၁၆ ခုနှစ် မတ်လတွင် လူ ၁၆ ဦးကျော် သေဆုံးခဲ့ပြီး နောက်ထပ် ၃၃ ဦး ဒဏ်ရာ ရရှိခဲ့သည့် ဆင်စွယ်ကမ်းခြေ အပန်းဖြေစခန်း တစ်ခုကို ဗုံးကြဲ တိုက်ခိုက်မှုအတွက် ၎င်းတို့၌ တာဝန်ရှိသည်ဟု AQIM မှ ပြောခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် AQIM သည် မာလီနိုင်ငံရှိ ဂေါင်းမြို့၌ လူ ၅၀ ကျော်သေဆုံးစေသည့် အသေခံတိုက်ခိုက်မှုတစ်ရပ် ပြုလုပ်ခဲ့ပါသည်။

၂၀၀၂ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုမှ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားအက်ဥပဒေ ပြင်ဆင်ချက်အရ AQIM အား ပြည်ပအကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ယခင်က ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် AQIM အား နိုင်ငံတော် သမ္မတ၏ အမိန့်အမှတ် ၁၃၂၂၄ ၏ နောက်ဆက်တွဲတွင် ဖော်ပြခဲ့ပြီး၊ သို့ဖြစ်၍ ၎င်းအမိန့်အရ အထူးသတ်မှတ်ခံရသော တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် ပိတ်ပင်မှုများ ခံရပါသည်။ အကျိုးဆက်အနေဖြင့် အမေရိကန် ပြည်ထောင်စု တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ AQIM ၏ အိုးအိမ်ခြံမြေနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားများအား ပိတ်ပင်လိုက်ပြီး အမေရိကန် နိုင်ငံသားများအား AQIM နှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင်တားမြစ် ထားပါသည်။ ထို့အပြင် AQIM အား ပစ္စည်းအထောက်အပံ့ သို့မဟုတ် အရင်းအမြစ်များကို သိလျှက်နှင့်တမင် ပေးခြင်း၊ သို့မဟုတ် ပေးရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် ပေးရန် ကြံစည်ခြင်းသည် ရာဇဝတ်မှုဖြစ်ပါသည်။

Skip to content