အစ္စလာမ်နိုင်ငံတော်၏ ခိုရာစန်ပြည်နယ် (Islamic State's Khorasan Province (ISIS-K))

တောင်ပိုင်းနှင့် အလယ်ပိုင်း အာၡ

ဆုငွေ

သင့်အပိုင်းကို လုပ်ဆောင်ပါ

About

အစ္စလာမ်နိုင်ငံ၏ ခိုရာစန်ပြည်နယ် (ISIS-K) သည် အာဖဂန်နစ္စတန်အခြေစိုက် အကြမ်းဖက်အုပ်စုဖြစ်ပြီး အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့၌ စစ်ဆင်ရေးများ ပြုလုပ်ပါသည်။ တယ်ရစ်အေ တာလီဘန် ပါကစ္စတန်၊ အာဖဂန်နစ္စတန် တာလီဘန်နှင့် ဥဇဘက္ကစ္စတန်၏ အစ္စလာမ် လှုပ်ရှားမှုတို့မှ အဖွဲ့ဝင်ဟောင်းများနှင့် အဓိကအားဖြင့် ဖွဲ့စည်းထားသော ISIS-K သည် ၂၀၁၅ ခုနှစ်တွင် ISIS ထံ သစ္စာခံခဲ့ပါသည်။ ISIS-K သည် လူ ၈၀ နီးပါး သေဆုံးခဲ့ပြီး နောက်ထပ် အယောက် ၂၃၀ ဒဏ်ရာရရှိခဲ့သည့် ၂၀၁၆ ခုနှစ် ကဘူးလ်မြို့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို ဗုံးဖောက်ခွဲခဲ့ပါသည်။ ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ထိုအုပ်စုသည် ပါကစ္စတန်နိုင်ငံ ခက်တာမြို့ ဆေးရုံတစ်ရုံ၌ လူ ၉၄ ဦး သေဆုံးခဲ့သော သေနတ်နှင့်ပစ်ခြင်းနှင့် အသေခံဗုံးခွဲခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု ဆိုပါသည်။ မွေးကင်းစကလေးများနှင့် ၎င်းတို့၏ မိခင်များ အပါအဝင် လူ ၂၄ ဦး သေဆုံးခဲ့သော ကဘူးလ်မြို့ သားဖွားဆေးရုံ၌ ၂၀၂၀ ပြည့်နှစ် မေလ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်းကိုလည်း ISIS-K မှ ပြောဆိုခဲ့ပါသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ ISIS-K အား လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ယခင်က ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက်တွင် နိုင်ငံခြားရေးဌာနမှ နိုင်ငံတော်သမ္မတအမိန့် ၁၃၂၂၄ ပြင်ဆင်ချက်အရ ISIS-K အား အထူးသတ်မှတ်ထားသော တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် အမေရိကန် ပြည်ထောင်စု၏ တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ ISIS-K ၏ အိုးအိမ်ခြံမြေနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားများအား ပိတ်ပင်လိုက်ပြီး အမေရိကန် နိုင်ငံသားများအား ISIS-K နှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင် တားမြစ်ထားပါသည်။ ထို့အပြင် ISIS-K အား ပစ္စည်းအထောက်အပံ့ သို့မဟုတ် အရင်းအမြစ်များကို သိလျှက်နှင့်တမင် ပေးခြင်း၊ သို့မဟုတ် ပေးရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် ပေးရန် ကြံစည်ခြင်းသည် ရာဇဝတ်မှုဖြစ်ပါသည်။

Skip to content