ဟာခါနီကွန်ရက် (Haqqani Network - HQN)

တောင်ပိုင်းနှင့် အလယ်ပိုင်း အာၡ

ဆုငွေ

သင့်အပိုင်းကို လုပ်ဆောင်ပါ

About

ဟာခါနီကွန်ရက် (HQN) သည် ၁၉၈၀ ခုနှစ်များတွင် ဖွဲ့စည်းခဲ့သည့် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့တွင် လုပ်ကိုင်နေသည့် စစ်သွေးကြွ အဖွဲ့အစည်းတစ်ခုဖြစ်သည်။ HQN သည် အမေရိကန်ပြည်ထောင်စုနှင့် အာဖဂန်နစ္စတန်ရှိ ညွန့်ပေါင်းအင်အားစုများ၊ အာဖဂန်အစိုးရနှင့် အရပ်သား ပစ်မှတ်များအပေါ် ကြီးမားသည့် တိုက်ခိုက်မှုများနှင့် ပြန်ပေးဆွဲမှု အများအပြားကို စီစဉ်ခဲ့ပြီး ပြုလုပ်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ် ဇွန်လတွင် အာဖဂန်နစ္စတန် ခို့စ်ရှိ အမေရိကန် တပ်စခန်းတစ်ခုကို HQN ၏ အသေခံဗုံးဖောက်ခွဲ တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သား နှစ်ဦးသေဆုံးခဲ့ပြီး အခြားသူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါသည်။ ၂၀၁၇ ခုနှစ် မေလ ကဘူးလ်မြို့ ထရပ်ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၁၅၀ ကျော် သေဆုံးခဲ့ရသည့်အတွက် အာဖဂန်အရာရှိများက HQN ကို အပြစ်တင်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ကဘူးလ်မြို့၌ လူ ၁၀၀ ကျော် သေဆုံးစေခဲ့သည့် လူနာတင်ယာဉ် ဗုံးပေါက်ကွဲမှုအတွက် HQN ၌ တာဝန်ရှိသည်ဟု ယူဆခဲ့ကြပါသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက လူ ၂၂ ဦး သေဆုံးစေသည့် ကဘူးလ်မြို့ Intercontinental Hotel ကို တိုက်ခိုက်မှုအတွက်လည်း အာဖဂန်အရာရှိများက HQN ကို အပြစ်တင်ခဲ့ပါသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်တွင် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ HQN အား လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ယခင်က ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၇ ရက်တွင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ နိုင်ငံတော်သမ္မတအမိန့် ၁၃၂၂၄ ပြင်ဆင်ချက်အရ HQN အား အထူးသတ်မှတ်ထားသော တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့ပါသည်။ အကျိုးဆက် အနေဖြင့် အမေရိကန် ပြည်ထောင်စု၏ တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ HQN ၏ အိုးအိမ်ခြံမြေနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားများအား ပိတ်ပင်လိုက်ပြီး အမေရိကန် နိုင်ငံသားများအား HQN နှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင်တားမြစ်ထားပါသည်။ ထို့အပြင် HQN အား ပစ္စည်းအထောက်အပံ့ သို့မဟုတ် အရင်းအမြစ်များကို သိလျှက်နှင့်တမင် ပေးခြင်း၊ သို့မဟုတ် ပေးရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် ပေးရန် ကြံစည်ခြင်းသည် ရာဇဝတ်မှုဖြစ်ပါသည်။

Skip to content