မိုရို အမျိုးသားလွတ်မြောက်ရေးတပ်ဦး (Moro National Liberation Front - MNLF)

အၡေ့အာၡနှင့် ပစိဖိတ်

ဆုငွေ

သင့်အပိုင်းကို လုပ်ဆောင်ပါ

About

မိုရိုအမျိုးသားလွတ်မြောက်ရေး တပ်ဦး (MNLF) ကို ၁၉၇၂ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ၌ ဖွဲ့စည်းခဲ့ပါသည်။ ၎င်းသည် မွတ်စလင် လွတ်မြောက်ရေး လှုပ်ရှားမှု၏ သင်းကွဲဂိုဏ်းအဖြစ် စတင်ခဲ့ပါသည်။ MNLF သည် ၁၉၇၀ ခုနှစ်များမှ စ၍ အနှစ်နှစ်ဆယ်နီးပါး မိုရိုသီးခြားခွဲထွက်သူများအကြားတွင် ၎င်းသည် ဦးဆောင်အဖွဲ့အစည်း ဖြစ်ခဲ့ပါသည်။ ၁၉၉၀ ခုနှစ်များ အစောပိုင်းက MNLF အဖွဲ့ဝင်အများအပြားသည် ဖိလစ်ပိုင်နိုင်ငံရှိ အကြမ်းဖက်ဆုံး အုပ်စုတစ်စု ဖြစ်သည့် အဘူစာရဖ် အုပ်စု (ASG) ဖွဲ့ရန် ခွဲထွက်ခဲ့ပါသည်။

၁၉၉၆ ခုနှစ်တွင် MNLF သည် ဖိလစ်ပိုင်အစိုးရနှင့် အထင်ကရ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ထိုးခဲ့ပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အထူးနယ်မြေတစ် (SZOPAD) ကို ဖန်တီးခဲ့ပါသည်။ မွတ်စလင်အများစု လူဦးရေအား အတိုင်းအတာတစ်ခုအထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားသည့် ပြည်မပြည်နယ်နှစ်ခုနှင့် ကျွန်းပြည်နယ် သုံးခုဖြင့် ဖွဲ့စည်းထားသည့် မွတ်စလင် မင်ဒနောင်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ (ARMM) ၏ ပြည်နယ် ဝန်ကြီးအဖြစ် MNLF ဥက္ကဋ္ဌ နူရ်မီစုအာရီအား အမည်ပေးခဲ့ပါသည်။ အစွန်းရောက် သူပုန်များနှင့် အစိုးရ လုံခြုံရေးတပ်ဖွဲ့များသည် မင်ဒနောင်းတွင် ရံဖန်ရံခါ ဆက်လက်၍ တိုက်ပွဲများဖြစ်ကြပြီး၊ မွတ်စလင် မင်ဒနောင်း၌ အဓိပ္ပာယ်ရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် ဆောင်ရွက်နိုင်သည့် မူဘောင်တစ်ရပ် ဖန်တီးရန် ထိုဒေသ၌နေထိုင်သူ အများအပြားမှ တောင်းဆိုခဲ့ကြပါသည်။

ဖိလစ်ပိုင်နိုင်ငံ ဂျိုဂျိုကျွန်း၌ ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင်၊ MNLF မှ ထားရှိသည့် ဖောက်ခွဲကိရိယာတစ်ခုမှ စစ်တပ်ယာဉ်တန်းတစ်ခုအား ဖောက်ခွဲလိုက်ပါသည်။ ထိုဒေသ၌ ကျောင်းတစ်ကျောင်း တည်ဆောက်ရန် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းတွင် ပါဝင်ခဲ့သည့် အမေရိကန် စစ်သားနှစ်ဦးနှင့် ဖိလစ်ပိုင်တပ်မတော် (AFP) မှ စစ်သားတစ်ဦးတို့ ထိုပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ပါသည်။

၂၀၁၃ ခုနှစ်တွင် MNLF ၏ ဆိုးယုတ်သောလူစုများက ဖိလစ်ပိုင် လုံခြုံရေးတပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး ထောင်ပေါင်းများစွာကို အိုးအိမ်မဲ့စေသည့် သုုံးပတ်ကြာ ဇမ်ဘိုအန်ဂါမြို့ကို သိမ်းပိုက်သည့် အကြမ်းဖက်မှုတစ်ရပ် ပြုလုပ်ခဲ့ပါသည်။

ယနေ့တွင် MNLF အား ဂိုဏ်းကွဲများစွာဖြင့် ဖွဲ့စည်းထားပြီး အချို့က ဖိလစ်ပိုင်အစိုးရနှင့် သင်းကွဲဂိုဏ်းဖြစ်သည့် မိုရိုအစ္စလာမ် လွတ်မြောက်ရေးတပ်ဦး (MILF) အကြား ညှိနှိုင်းမှုများကို ထောက်ခံခဲ့ပါသည်။ ထိုညှိနှိုင်းမှုများကြောင့် ၂၀၁၈ ခုနှစ်တွင် ဘန်စာမိုရို စနစ်တကျဖွဲ့စည်းထားသော ဥပဒေ (Bangsamoro Organic Law – BOL) ကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဘန်စာမိုရို မွတ်စလင် မင်ဒနောင်း သီးခြားအုပ်ချုပ်ရေးနယ်မြေ (BARMM) ကို ဖန်တီးခဲ့ပါသည်။

Skip to content