တော်လှန်ရေးတိုက်ပွဲ (Revolutionary Struggle - RS)

ဥရောပနှင့် အာၡဥရောပ

ဆုငွေ

သင့်အပိုင်းကို လုပ်ဆောင်ပါ

About

တော်လှန်ရေးတိုက်ပွဲ (RS) သည် အခြား ဂရိ မတ်စ်ဝါဒီ အုပ်စုနှစ်စုဖြစ်သည့် ၁၇ နိုဝင်ဘာ (17 November) နှင့် တော်လှန်ရေး ပြည်သူများတိုက်ပွဲ (Revolutionary People’s Struggle) တို့၏ အဖွဲ့ဝင်များ ဖမ်းဆီးခံရပြီးနောက် ၂၀၀၃ ခုနှစ်တွင် ပေါ်ပေါက်လာခဲ့ပါသည်။ မတ်စ်ဝါဒီ အစွန်းရောက် တော်လှန်ရေး အုပ်စုဖြစ်သည့် RS သည် ဂရိနိုင်ငံရှိ ဂရိရော အမေရိကန် ပြည်ထောင်စု ပစ်မှတ်များကိုပါ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။ ၁၇ နိုဝင်ဘာအဖွဲ့ဝင်များ အေသင်မြို့ တရားရုံးတွင် တရားရင်ဆိုင်နေစဉ်အတောအတွင်း ၂၀၀၃ ခုနှစ်၌ ဗုံးဖောက်ခွဲမှုများကို ပြုလုပ်ခဲ့ကြောင်း ၎င်းတို့မှ ပြောဆိုခဲ့သည့်အခါ၌ RS သည် ပထမအကြိမ် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့ပါသည်။ အေသင်မြို့ရှိ အမေရိကန်သံရုံးကို ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ဒုံးကျည်လောင်ချာဖြင့် ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်းနှင့် အေသင်မြို့ရှိ Citibank ဘဏ်ခွဲကို ၂၀၀၉ ခုနှစ် ဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း RS က ပြောဆိုခဲ့ပါသည်။

၂၀၀၉ ခုနှစ် မေလ ၁၈ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ RS အား လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ နောက်ပိုင်း ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံခြားရေးဌာနမှ နိုင်ငံတော်သမ္မတအမိန့် ၁၃၂၂၄ ပြင်ဆင်ချက်အရ RS အား အထူးသတ်မှတ်ထားသော တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် အမေရိကန် ပြည်ထောင်စု၏ တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ RS ၏ အိုးအိမ်ခြံမြေအားလုံးနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားများအား ပိတ်ပင်လိုက်ပြီး အမေရိကန် နိုင်ငံသားများအား RS နှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင်တားမြစ်ထားပါသည်။ ထို့အပြင် RS အား ပစ္စည်းအထောက်အပံ့ သို့မဟုတ် အရင်းအမြစ်များကို သိလျှက်နှင့်တမင် ပေးခြင်း၊ သို့မဟုတ် ပေးရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် ပေးရန် ကြံစည်ခြင်းသည် ရာဇဝတ်မှုဖြစ်ပါသည်။

Skip to content