ဂျမားအစ္စလာမီးယာ (Jemaah Islamiya - JI)

အၡေ့အာၡနှင့် ပစိဖိတ်

ဆုငွေ

သင့်အပိုင်းကို လုပ်ဆောင်ပါ

About

ဂျမားအစ္စလာမီးယာ (JI) သည် အရှေ့တောင်အာရှ အခြေစိုက် အကြမ်းဖက်အုပ်စုဖြစ်ပြီး ၎င်းသည် ထိုဒေသအတွင်း ပိုင်နက်တစ်ခု တည်ထောင်ရန် ကြိုးပမ်းပါသည်။ JI သည် လူ ၂၀၀ ကျော်သေဆုံးခဲ့သော ဘာလီမြို့ ညကလပ်အား ၂၀၀၂ ခုနှစ်က ဗုံးဖောက်ခွဲမှု၊ ၂၀၀၃ ခုနှစ် သြဂုတ်လ လူ ၁၂ ဦး သေဆုံးခဲ့သော ဂျကာတာမြို့ Marriott Hotel အား ဗုံးဖောက်ခွဲခြင်းနှင့် လူ ၂၆ ဦးသေဆုံးခဲ့သော ၂၀၀၅ ခုနှစ် အောက်တိုဘာလ ဘာလီမြို့ အသေခံဗုံးဖောက်ခွဲခြင်း အပါအဝင် ထိုဒေသတွင်း အကြမ်းဖက်တိုက်ခိုက်မှု များစွာပြုလုပ်ခဲ့ပါသည်။

၂၀၀၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်တွင်၊ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ JI အား လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့သည့်အပြင် နိုင်ငံတော်သမ္မတအမိန့် ၁၃၂၂၄ ပြင်ဆင်ချက်အရ အထူးသတ်မှတ်ထားသော တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် အမေရိကန် ပြည်ထောင်စု၏ တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ JI ၏ အိုးအိမ်ခြံမြေနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားများအား ပိတ်ပင်လိုက်ပြီး အမေရိကန် နိုင်ငံသားများအား JI နှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင်တားမြစ်ထားပါသည်။ ထို့အပြင် JI အား ပစ္စည်း အထောက်အပံ့ သို့မဟုတ် အရင်းအမြစ်များကို သိလျှက်နှင့်တမင် ပေးခြင်း၊ သို့မဟုတ် ပေးရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် ပေးရန် ကြံစည်ခြင်းသည် ရာဇဝတ်မှုဖြစ်ပါသည်။

Skip to content