About
ဂျပန်တပ်နီတော် (JRA) ကို ဂျပန် ကော်မြူနစ်အဖွဲ့ချုပ် – တပ်နီတော်အဖွဲ့ခွဲမှ ခွဲထွက်ပြီးနောက် ဖွဲ့စည်းခဲ့ပါသည်။ JRA မှ ဖော်ပြထားသော ရည်မှန်းချက်ပန်းတိုင်များမှာ ဂျပန်အစိုးရနှင့် သက်ဦးဆံပိုင် ဘုရင်စနစ်အား ဖြုတ်ချရန် ဖြစ်သည်။ JRA သည် လူ ၂၆ ဦးသေဆုံးပြီး အယောက် ၈၀ ဒဏ်ရာရခဲ့သော အစ္စရေးနိုင်ငံ လော့ဒ်လေဆိပ်အား ၁၉၇၂ နှစ် တိုက်ခိုက်မှု၊ ကွာလာလမ်ပူမြို့ရှိ အမေရိကန်သံရုံးအား သိမ်းပိုက်ရန် ကြိုးပမ်းမှုနှင့် လူငါးဦးသေဆုံးခဲ့သည့် ၁၉၈၈ အီတလီနိုင်ငံ နေပယ်လ်စ်မြို့ US) ကလပ်ဗုံးဖောက်ခွဲမှုတို့ အပါအဝင် ကမ္ဘာတစ်ဝှမ်း၌ တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့ပါသည်။ ထိုအုပ်စု၏ ခေါင်းဆောင်ကို ၂၀၀၀ ပြည့်နှစ်တွင် ဖမ်းဆီးခဲ့ပြီး၊ ၂၀၀၁ ခုနှစ်တွင် ထိုအုပ်စုမှဖျက်သိမ်းရန် ၎င်းတို့၏အစီအစဉ်ကို ကြေညာခဲ့ပါသည်။
၁၉၉၇ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ JRA အား လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်း (FTO) အဖြစ် သတ်မှတ်ခဲ့ပါသည်။ ၂၀၀၁ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် နိုင်ငံခြားရေးဌာနမှ JRA အား FTO အဖြစ် သတ်မှတ်ချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ပါသည်။
