ကွက်ကီးစန်

အၡေ့အာၡနှင့် ပစိဖိတ်

ဆုငွေ

Up to $5 million

သင့်အပိုင်းကို လုပ်ဆောင်ပါ

About

တရားမျှတမှုအတွက် ဆုငွေများ( Rewards for Justice) အဖွဲ့သည် ငွေကြေးခဝါချခြင်း၊ ဇိမ်ခံပစ္စည်းများကို မြောက်ကိုးရီးယားသို့ တင်ပို့ခြင်း၊ အစုလိုက်အပြုံလိုက် ဖျက်ဆီးသည့် လက်နက်များ (WMD) တစ်ဟုန်ထိုးတိုးပွားလာခြင်းကို ပံ့ပိုးသော သတ်မှတ်ထားသည့် ဆိုက်ဘာလှုပ်ရှားမှုနှင့် ဆောင်ရွက်ချက်များ အပါအဝင် မြောက်ကိုးရီးယား (ကိုးရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၊ DPRK) အား ပံ့ပိုးသည့် လှုပ်ရှားမှုအချို့တွင် ပါဝင်သူများ၏ ငွေကြေးယန္တရားများကို ဖြတ်တောက်ပြိုကွဲပျက်စီးစေသည့် သတင်းအချက်အလက်များအတွက် $၅ သန်းအထိ ဆုငွေကမ်းလှမ်းနေပါသည်။

ကွက်ကီးစန်သည် စင်ကာပူနိုင်ငံသားတစ်ဦးဖြစ်ပြီး စင်ကာပူအခြေစိုက် သင်္ဘောအေဂျင်စီနှင့် သင်္ဘောဆိပ် လုပ်ငန်းလည်ပတ်မှု ကုမ္ပဏီ ဖြစ်သည့် Swanseas Port Services (S) Pte Ltd ၏ ညွှန်ကြားရေးမှူးနှင့် အစုရှယ်ယာ ပိုင်ရှင်တစ်ဦး ဖြစ်ပါသည်။ ၎င်းသည် မြောက်ကိုးရီးယားနှင့် စီးပွားရေးလုပ်ကိုင်ရန် ပူးပေါင်းကြံစည်ပြီး DPRK ၏ အနုမြူ တစ်ဟုန်ထိုးတိုးပွားလာခြင်း အစီအစဉ်များကို ဖြစ်မြောက်စေလျှက် မြောက်ကိုးရီးယားအား ကန့်သတ်ပိတ်ပင်ထားသည့် ဝန်ဆောင်မှုများ ပေးပါသည်။

၂၀၁၉ ခုနှစ်အစောပိုင်းကတည်းက ကွက်ကီးစန်သည် မြောက်ကိုးရီးယားသို့ ရေနံထွက်ပစ္စည်း မြောက်မြားစွာ ပို့ဆောင်ခြင်းနှင့် မြောက်ကိုးရီးယား သင်္ဘောများသို့ သင်္ဘောအချင်းချင်း ရေနံလွှဲပြောင်းပေးခြင်းတို့၌ ထောက်ပံ့ကာ ညွှန်ကြားပေးခဲ့ပြီး မြောက်ကိုးရီးယားအခြေစိုက် ကုမ္ပဏီများနှင့် မြောက်ကိုးရီးယား အစိုးရတို့အတွက် အရေးကြီးသည့် အရင်းအမြစ်တစ်ရပ် ပေးခဲ့ပါသည်။ ငွေပေးချေမှု အရင်းခံနေရာများကို ဖုံးကွယ်ထားရန် ဟန်ပြကုမ္ပဏီများမှတစ်ဆင့် အမေရိကန်ဒေါ်လာများကို စီးဝင်စေပြီး စိစစ်မှုရှောင်ရှားရန်နှင့် ပိတ်ပင်တားဆီးမှုများကို ရှောင်ကွင်းရန် အရောင်းအဝယ်များကို စီမံခြင်းအားဖြင့် အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးစနစ်များမှတစ်ဆင့် ငွေကြေးခဝါချရန် လျှို့ဝှက်ကြံစည်ခဲ့ပါသည်။

၂၀၂၁ ခုနှစ် ဧပြီလ ၂၃ ရက်တွင် အမေရိကန်ပြည်ထောင်စု အာဏာပိုင်များက ကွက်ကီးစန်အား (အပြည်ပြည်ဆိုင်ရာ အရေးပေါ် စီးပွားရေး လုပ်ပိုင်ခွင့်များ အက်ဥပဒေ) International Emergency Economic Powers Act ချိုးဖောက်ရန် ကြံစည်မှုနှင့် နိုင်ငံတကာ ငွေကြေးခဝါချမှု ကျူးလွန်ရန် ကြံစည်မှုဖြင့် တရားစွဲဆိုခဲ့ပါသည်။

ကွက်ကီးစန်နှင့်ပတ်သက်သည့် သတင်းအချက်အလက်ရှိသူ မည်သူမဆိုအား he5dybnt7sr6cm32xt77pazmtm65flqy6irivtflruqfc5ep7eiodiad.onion ရှိ ကျွန်ုပ်တို့၏ Tor အခြေစိုက် သတင်းပေးသည့် ချန်နယ်မှတစ်ဆင့် တရားမျှတမှုအတွက် ဆုငွေများ (Rewards for Justice) အား ဆက်သွယ်ရန် တိုက်တွန်းပါသည် (Tor ဘရောက်ဇာ လိုအပ်ပါသည်)။

Skip to content