ကိုလံဘီယာတွင် အမေရိကန်များအား ပြန်ပေးဆွဲခြင်း .

ကိုလံဘီယာ တော်လှန်ရေး လက်နက်ကိုင်အင်အားစုများ (Revolutionary Armed Forces of Colombia -FARC) ၏ တပ်မှူးဖြစ်သူ အဒ်ဂါ နဗားရိုး တည်ရှိရာနေရာအကြောင်း သတင်းပေးသည့် လူသုံးဦးအား RFJ မှ စုစုပေါင်း ဆုငွေ ဒေါ်လာ ၉၀၀၀၀၀ ပေးခဲ့ပါသည်။
၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဤတို့၏ အမေရိကန် ပြည်ထောင်စု လေယာဉ်မှ ကိုလံဘီယာ တောထဲ ပျက်ကျစဉ် FARC မှ သောမတ်ဟောင်းစ်၊ ကိသ်စတင်းစဲလ်နှင့် မာ့က်ဂွန်စားဗစ္စတို့အား ဓားစားခံအဖြစ် ဖမ်းဆီးခဲ့ပါသည်။ FARC နှင့် ၎င်းနှင့်ပူးပေါင်း ကြံစည်သူတို့သည် ထိုလေယာဉ်နှင့် လိုက်ပါလာသော အခြားသူနှစ်ဦးဖြစ်သည့် သောမတ် ဂျေးနစ္စနှင့် ကိုလံဘီယာ နိုင်ငံသား တပ်ကြပ်ကြီး လူးဝစ္စ အယ်လ်စီးဒေးစ် ခရုစ်တို့အား သတ်ဖြတ်ခဲ့ပါသည်။
FARC ၏ တေယိုဖီလို ဖိုရယ်ရို ရွေ့လျားစစ်ကြောင်း (Teofilo Forero Mobile Column) တပ်မှူး နဗားရိုးအား ဤပြန်ပေးဆွဲမှုတွင် ပါဝင်ခဲ့သည်ဟု သံသယရှိခဲ့ပါသည်။
၂၀၀၃ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဆုငွေရနိုင်ကြောင်း လှုံ့ဆော်မှုကြောင့် သတင်းပေးသူသုံးဦးသည် ကိုလံဘီယံ စစ်သားအဖွဲ့တစ်ဖွဲ့ကို နဗားရိုးနှင့် အခြားFARC အဖွဲ့ဝင်များအား အားဖမ်းဆီးဖို့ ကြိုးပမ်းရန် နဗားရိုး၏စခန်းသို့ လမ်းပြခဲ့ပါသည်။ စစ်တပ်သားများနှင့် တစ်ဘက်နှင့်တစ်ဘက် အပြတ်ရှင်းရန်ပစ်ခတ်ရာမှ နဗားရိုး သေဆုံးခဲ့ပါသည်။ နောက်ပိုင်း၌ ၂၀၀၈ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ထိုအမေရိကန်သုံးဦးအား ကိုလံဘီယံ တပ်မတော် စစ်ဆင်ရေးမှ ကယ်ဆယ်ခဲ့ပါသည်။
သတင်းပေးရန်
သင့်အပိုင်းကို လုပ်ဆောင်ပါ။ ပိုမို၍ဘေးကင်းလုံခြုံသော ကမ္ဘာနှင့် ပိုမိုတောက်ပသော အနာဂတ်တို့ကို ရယူပါ။ တရားမျှတသောဆုငွေ အစီအစဉ်၏ သတင်းပေးဖို့ ရွေးချယ်လုပ်ဆောင်ချက်များအကြောင်း ပိုမိုလေ့လာရန် ခလုတ်နှိပ်ပါ။
- ဓားစာခံ/ပြန်ပေးဆွဲခြင်း
- မြောက်ကိုးရီးယား
- ရွေးကောက်ပွဲ ၀င်ရောက်စွက်ဖက်မှု
