ဖိလစ်ပိုင်ရှိ အမေရိကန်များအား ပြန်ပေးဆွဲခြင်းနှင့် သတ်ဖြတ်ခြင်း
ဖိလစ်ပိုင်နိုင်ငံ၌ အဘူစာရဖ်အုပ်စု (ASG) အကြမ်းဖက်သမား တိုးတင်းဟန်နိုအား ဖမ်းမီစေသည့် သတင်းအချက်အလက်အတွက် RFJ မှ ဆုငွေ ဒေါ်လာ ၁၀၀၀၀၀ ပေးခဲ့ပါသည်။
တိုးတင်းခရဖ်ဟန်နိုသည် ၂၀၀၁ ခုနှစ် မေလ ၂၇ ရက်နေ့၊ ဖိလစ်ပိုင်နိုင်ငံ ပလဝမ်ကျွန်းရှိ ဒို့စ်ပါးလ်မားစ် အပန်းဖြေစခန်းမှ အမေရိကန်နိုင်ငံသား သုံးဦးကို ပြန်ပေးဆွဲရာတွင် ပါဝင်ခဲ့သော ASG အဖွဲ့ဝင်တစ်ဦး ဖြစ်ပါသည်။ ထိုအမေရိကန်သုံးဦးမှာ ဂီယဲမို စိုဘဲရိုနှင့် အမေရိကန် သာသနာပြု ဇနီးမောင်နှံ မာတင်နှင့် ဂရေစီယာ ဘန်းဟမ်းတို့ဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါသည်။ ၂၀၀၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ဖိလစ်ပိုင်သမ္မတ ဂလိုရီယာ မာကာပဂါးလ် အရိုယိုအတွက် မွေးနေ့လက်ဆောင်အဖြစ် ဂီယဲမို စိုဘဲရိုကို ကွပ်မျက်ခဲ့သည်ဟု ASG ပြောရေးဆိုခွင့်ရှိသူ အဘူစဘာယာမှ ကြေညာခဲ့ပါသည်။ ၂၀၀၁ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဘာစလံကျွန်းမှ လူဦးခေါင်းခွံတစ်ခုကို ရရှိခဲ့ပြီး ယင်းမှာ ဂီယဲမို စိုဘဲရို၏ ဦးခေါင်းခွံ ဖြစ်ကြောင်း အတည်ပြုခဲ့ပါသည်။ ၂၀၀၂ ခုနှစ် ဇွန်လတွင် ဖိလစ်ပိုင်စစ်သားများနှင့် ASG တို့ အပြန်အလှန် ပစ်ခတ်မှုအကြား မာတင်ဘန်းဟမ်း ကွယ်လွန်ခဲ့ပါသည်။ ဂရေစီယာဘန်းဟမ်းမှာ ဒဏ်ရာရရှိသော်လည်း ၎င်းကိုကယ်ဆယ်ပြီး အမေရိကန်သို့ ပြန်လည်ပို့ခဲ့ပါသည်။
၂၀၀၅ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့တွင် သတင်းပေးသူတစ်ဦးမှ ပေးခဲ့သည့် သတင်းအချက်အလက်အရ ဖိလစ်ပိုင် လုံခြုံရေးတပ်များသည် ဟန်နိုအား ဖမ်းဆီးခဲ့ပါသည်။
သတင်းပေးရန်
သင့်အပိုင်းကို လုပ်ဆောင်ပါ။ ပိုမို၍ဘေးကင်းလုံခြုံသော ကမ္ဘာနှင့် ပိုမိုတောက်ပသော အနာဂတ်တို့ကို ရယူပါ။ တရားမျှတသောဆုငွေ အစီအစဉ်၏ သတင်းပေးဖို့ ရွေးချယ်လုပ်ဆောင်ချက်များအကြောင်း ပိုမိုလေ့လာရန် ခလုတ်နှိပ်ပါ။
- ဓားစာခံ/ပြန်ပေးဆွဲခြင်း
- မြောက်ကိုးရီးယား
- ရွေးကောက်ပွဲ ၀င်ရောက်စွက်ဖက်မှု
