Success stories

အဘူ စိုလေမန် (ကွယ်လွန်)

ဖိလစ်ပိုင်နိုင်ငံရှိ အမေရိကန်နိုင်ငံသားများအား ပြန်ပေးဆွဲခြင်းနှင့် သတ်ဖြတ်ခြင်း

အဘူစာရဖ်အုပ်စု (Abu Sayyaf Group -ASG) ခေါင်းဆောင် အဘူစိုလေမန်အကြောင်း သတင်းပေးခဲ့သည့် ပုဂ္ဂိုလ်နှစ်ဦးအား RFJ မှ ဆုငွေ ဒေါ်လာ ၅ သန်း ပေးခဲ့ပါသည်။ ၂၀၀၇ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင်၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်မှ ထိုပုဂ္ဂိုလ်များအား လူသိရှင်ကြား ဆုငွေချီးမြှင့်ပွဲတစ်ရပ်ကို ဟိုလိုးကျွန်းတွင် ဦးဆောင်၍ ကျင်းပခဲ့ပါသည်။

အဘူစိုလေမန်သည် ဖိလစ်ပိုင်နိုင်ငံတွင် လှုပ်ရှားနေသော အကြမ်းဖက် အဖွဲ့အစည်းတစ်ခု ဖြစ်သည့် ASG ၏ အဆင့်မြင့်ခေါင်းဆောင်များအနက် တစ်ဦးဖြစ်ခဲ့ပါသည်။ ခဒါဖီဂျန်ဂျလားနီနှင့်အတူ စိုလေမန်သည် ဖိလစ်ပိုင်နိုင်ငံသားများနှင့် အမေရိကန် နိုင်ငံသားများအား ပြန်ပေးဆွဲခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ စိုလေမန်သည် မာတင်နှင့် ဂရေစီယာ ဘန်းဟမ်းနှင့် အခြားအမေရိကန်နိုင်ငံသား နှစ်ဦးအား ပြန်ပေးဆွဲမှုနှင့် ဆက်စပ်နေပြီး အမေရိကန်နိုင်ငံသား ဂီယဲမိုး စိုဘဲရိုးအား ခေါင်းဖြတ်သတ်ခြင်းတွင် ပါဝင်ခဲ့ပါသည်။ စိုလေမန်သည် မနီလာရှိ အမေရိကန်သံရုံးအား ဗုံးဖောက်ရန်ကြံစည်မှုများ၊ Superferry 14 အား ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလတွင် နှစ်မြှုပ်ခဲ့ခြင်းနှင့် စုစုပေါင်း ရာပေါင်း များစွာသော အပြစ်ကင်းသည့် ပြည်သူများအား သတ်ဖြတ်ခဲ့သည့် သို့မဟုတ် ဒဏ်ရာရစေခဲ့သည့် ၂၀၀၅ ခုနှစ် ချစ်သူများနေ့ ဗုံးဖောက်ခွဲမှု သုံးကြိမ်ကဲ့သို့ အမေရိကန် ပြည်ထောင်စု အကျိုးစီးပွားများအပေါ် တိုက်ခိုက်မှုများကိုလည်း ကြံစည်၍ အကောင်အထည်ဖော်ခဲ့ပါသည်။

၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် သတင်းပေးသူများ ပေးသည့် သတင်းများအရ ဖိလစ်ပိုင် လက်နက်ကိုင်တပ်ဖွဲ့များသည် စိုလေမန်ကို ဖမ်းဆီးရန် စစ်ဆင်ရေးတစ်ရပ် စတင်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုအတွင်း စိုလေမန်မှ ခုခံခဲ့ပြီး သတ်ဖြတ်ခံခဲ့ရသည်။

Skip to content