Success stories

အာမက် အဘူခတားလား

လစ်ဗျားနိုင်ငံ၊ ဘင်ဂါဇီမြို့ အမေရိကန် သံအမတ်အပါအဝင် အမေရိကန်နိုင်ငံသား လေးဦးအား ၂၀၁၂ ခုနှစ်တွင် သတ်ဖြတ်ခြင်း

အမေရိကန်သံအမတ်အပါအဝင် အမေရိကန်နိုင်ငံသားလေးဦး သေဆုံးခဲ့သည့် လစ်ဗျားနိုင်ငံ၊ ဘင်ဂါဇီမြို့ရှိ အမေရိကန်ပြည်ထောင်စု အထူးတာဝန်ထမ်းဆောင်သည့် အဖွဲ့အား ၂၀၁၂ ခုနှစ် တိုက်ခိုက်မှုတွင် စီစဉ်ညွှန်ကြားသူ အကြမ်းဖက်ခေါင်းဆောင် အာမက် အဘူခတားလားအား ဖမ်းဆီး၍ ပြစ်ဒဏ်ကျခံစေနိုင်သည့် သတင်းအချက်အလက် ပေးသည့် ပုဂ္ဂိုလ်တစ်ဦးအား RFJ မှ ဒေါ်လာသုံးသန်း ဆုငွေ ပေးခဲ့ပါသည်။

ထိုသတင်းပေးသူမှပေးခဲ့သည့် သတင်းအချက်အလက်များကို အသုံးပြု၍ ခတားလားအား လစ်ဗျားနိုင်ငံတွင် ၂၀၁၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က ဖမ်းဆီး၍ တရားရင်ဆိုင်ရန်အတွက် အမေရိကန်ပြည်ထောင်စုသို့ ခေါ်ယူလာခဲ့ပါသည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်တွင် ထိုတိုက်ခိုက်မှုနှင့် ပတ်သက်သော စွဲချက်များအတွက် ၎င်း၌အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ၎င်းအား ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခဲ့ပါသည်။ ဘင်ဂါဇီမြို့ ထိုတိုက်ခိုက်မှုအတွက် တာဝန်ရှိသည့် အခြားပုဂ္ဂိုလ်များအား အပြစ်ဒဏ် ကျခံစေသည့် သတင်းအချက်အလက်များအတွက် RFJ မှ ဒေါ်လာ ၁၀ သန်းအထိ ဆုငွေကမ်းလှမ်းချက်ကို ဆက်လက်ထားရှိပါသည်။

Skip to content