About
ကာဒစ္စတန်အလုပ်သမားများပါတီ (PKK) သည် အီရတ်မြောက်ပိုင်းနှင့် တူရကီအရှေ့တောင်ပိုင်းတို့တွင် အဓိကအားဖြင့် လှုပ်ရှားသော ကာ့ဒ်ခွဲထွက်ရေးအုပ်စု ဖြစ်ပါသည်။ တူရကီကာ့ဒ်များနှင့် အဓိကအားဖြင့် ဖွဲ့စည်းထားသော ထိုအုပ်စုသည် ၁၉၈၄ ခုနှစ်တွင် အကြမ်းဖက် စည်းရုံးလှုံ့ဆော်မှုတစ်ရပ်ကို စတင်ခဲ့ပါသည်။ PKK ၏မူလရည်မှန်းချက်မှာ တူရကီနိုင်ငံ အရှေ့တောင်ပိုင်းတွင် သီးခြားကာ့ဒ်နိုင်ငံ ထူထောင်ရန် ဖြစ်ပါသည်။ ၁၉၉၀ ခုနှစ်များ အစောပိုင်းတွင်၊ PKK သည် ကျေးလက်အခြေစိုက် သူပုန်လှုပ်ရှားမှုများကို ကျော်လွန်၍ မြို့ပေါ် အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ပါသည်။
၎င်း၏ သဘောထားတင်းမာသော စစ်သွေးကြွဂိုဏ်းမှ မိမိဘာသာ အပစ်အခတ်ရပ်စဲခြင်းကို ချုပ်ကိုင်၍ ပစ်ပယ် လိုက်သောအခါ PKK သည် ၁၉၉၉ ခုနှစ်မှ ၂၀၀၄ ခုနှစ် ဇွန်လအထိ အကြမ်းဖက်မှုကို စွန့်လွှတ်ခဲ့ပါသည်။ ၂၀၀၉ ခုနှစ်တွင် တူရကီအစိုးရနှင့် PKK တို့ ငြိမ်းချမ်းရေး ညှိနှိုင်းမှုများကို ပြန်လည်ပြုလုပ်ခဲ့ပါသည်။ သို့ရာတွင် တူရကီစစ်သား ၁၃ ဦးသေဆုံးခဲ့သည့် တိုက်ခိုက်မှုကို PKK မှ ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ပြုလုပ်ခဲ့သောအခါ ဆွေးနွေးပွဲများ ပျက်ပြားသွားခဲ့ပါသည်။ ၁၉၉၃ ခုနှစ်ကတည်းက သေဆုံးမှု အများအပြား ဖြစ်သည့် တူရကီစစ်သား ၂၄ ဦး သေဆုံးခဲ့သော ၂၀၁၁ ခုနှစ် အောက်တိုဘာလ တိုက်ခိုက်မှုအပါအဝင် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့တွင် PKK နှင့် တူရကီအင်အားစုတို့ ကြိမ်ဖန်တလဲ တိုက်ပွဲများဖြစ်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် ဒါဇင်ပေါင်းများစွာ သေကျေဒဏ်ရာရခဲ့သည့် တူရကီ စစ်စခန်းကို နိုဝင်ဘာလ၌ တိုက်ခိုက်မှု အပါအဝင် တူရကီ၏ လုံခြုံရေးတပ်ဖွဲ့များအပေါ် PKK မှ ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
၁၉၉၇ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ PKK အား လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ နောက်ပိုင်းတွင် ၂၀၀၁ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့၌ နိုင်ငံခြားရေးဌာနမှ နိုင်ငံတော်သမ္မတအမိန့် ၁၃၂၂၄ ပြင်ဆင်ချက်အရ PKK အား အထူးသတ်မှတ်ထားသော တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် အမေရိကန် ပြည်ထောင်စု၏ တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ PKK ၏ အိုးအိမ်ခြံမြေ အားလုံးနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားများအား ပိတ်ပင်လိုက်ပြီး အမေရိကန် နိုင်ငံသားများအား PKK နှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင် တားမြစ်ထားပါသည်။ ထို့အပြင် PKK အား ပစ္စည်း အထောက်အပံ့ သို့မဟုတ် အရင်းအမြစ်များကို သိလျှက်နှင့်တမင် ပေးခြင်း၊ သို့မဟုတ် ပေးရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် ပေးရန် ကြံစည်ခြင်းသည် ရာဇဝတ်မှုဖြစ်ပါသည်။
