အနောက်အာဖရိကပြည်နယ် အစ္စလာမ်နိုင်ငံတော် (Islamic State West Africa Province (ISIS-WA))

အာဖရိက - ဆဟာရတောင်ပိုင်း

ဆုငွေ

သင့်အပိုင်းကို လုပ်ဆောင်ပါ

About

အကြမ်းဖက်အုပ်စု ဘိုကိုဟရမ်း (Boko Haram) ၏ ဂိုဏ်းကွဲ တစ်ခုဖြစ်သည့် အနောက်အာဖရိက ISIS (ISIS-WA) ကို ၂၀၁၅ ခုနှစ် မတ်လ၌ ISIS-WA မှ ISIS ထံ သစ္စာခံသည့် အချိန်၌ စတင်ခဲ့ပါသည်။ ISIS သည် ထိုအုပ်စုသစ္စာခံခြင်းကို လက်ခံခဲ့ပြီး၊ ထိုအုပ်စုမှ မိမိကိုယ်ကိုယ် အနောက်အာဖရိက ISIS ဟုစတင်ခေါ်ဆိုခဲ့ပါသည်။ ISIS-WA သည် နိုင်ဂျီးရီးယားနှင့် ပိုမိုကျယ်ပြန့်သော ချဒ်ရေကန်ဒေသတို့တွင် အဓိကအားဖြင့် လှုပ်ရှားပြီး ၂၀၁၆ ခုနှစ်ကတည်းက အကြမ်းဖက် တိုက်ခိုက်မှု အများအပြား ပြုလုပ်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ၌ ချဒ်နှင့် နိုင်ဂျီးရီးယားတို့၌ သေဆုံးမှု ၁၁၈ မှုဖြစ်စေခဲ့သော တိုက်ခိုက်မှု ငါးခုကို ပြုလုပ်ခဲ့သည်ဟု ပြောဆိုပါသည်။ ၂၀၁၉ ခုနှစ် မေလတွင် နိုင်ဂျာအနောက်ပိုင်း၌ စစ်သား ၂၉ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုနှစ်ခုကို ပြုလုပ်ခဲ့သည်ဟု ISIS-WA မှ ပြောဆိုပါသည်။ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် နိုင်ဂျီးရီးယားနိုင်ငံ ဘာဂါမြို့အနီးရှိ တပ်စခန်း တစ်ခုအနီး တိုက်ခိုက်မှုတစ်ရပ်အတွင်း နိုင်ဂျီးရီးယားနိုင်ငံသား အယောက် ၂၀ နှင့် ချဒ်စစ်သား ငါးဦးတို့အား ISIS-WA တိုက်ခိုက်သမားများက သတ်ဖြတ်ခဲ့ပါသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်တွင် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ ISIS-WA အား လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ယခင်က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်တွင် နိုင်ငံခြားရေးဌာနမှ နိုင်ငံတော်သမ္မတအမိန့် ၁၃၂၂၄ ပြင်ဆင်ချက်အရ ISIS-WA အား အထူးသတ်မှတ်ထားသော တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် အမေရိကန် ပြည်ထောင်စု၏ တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ ISIS-WA ၏ အိုးအိမ်ခြံမြေနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားများအား ပိတ်ပင်လိုက်ပြီး အမေရိကန် နိုင်ငံသားများအား ISIS-WA နှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင် တားမြစ်ထားပါသည်။ ထို့အပြင် ISIS-WA အား ပစ္စည်းအထောက်အပံ့ သို့မဟုတ် အရင်းအမြစ်များကို သိလျှက်နှင့်တမင် ပေးခြင်း၊ သို့မဟုတ် ပေးရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် ပေးရန် ကြံစည်ခြင်းသည် ရာဇဝတ်မှုဖြစ်ပါသည်။

Skip to content