အန်စာအယ်လ်ဒိုင်း (Ansar al-Dine - AAD)

အာဖရိက - ဆဟာရတောင်ပိုင်း

ဆုငွေ

သင့်အပိုင်းကို လုပ်ဆောင်ပါ

About

အန်စာအယ်လ်ဒိုင်း (AAD) ကို ၂၀၁၁ နှောင်းပိုင်းတွင် အစပြုခဲ့ပါသည်။ မာလီအစိုးရအား ဖြုတ်ချခဲ့သည့် ၂၀၁၂ ခုနှစ် မတ်လ အာဏာသိမ်းမှုနောက်တွင်၊ မာလီမြောက်ပိုင်းကို သိမ်းပိုက်ကာ UNESCO ကမ္ဘာ့အမွေအနှစ်နေရာများကို ဖျက်ဆီး၍ ၎င်းထိန်းချုပ်ထားသည့် နယ်မြေများရှိ အစ္စလာမ်ဘာသာ တရားဥပဒေအပေါ် ပြင်းထန်သည့် အနက်ကောက်မှုကို ပြဋ္ဌာန်းခဲ့သည့် အဖွဲ့အစည်းများတွင် AAD ပါဝင်ပါသည်။ ၂၀၁၇ ခုနှစ်တွင် AAD သည် AAD ၏ခေါင်းဆောင် အီရဒ် အဂ်ဂါလီဦးဆောင်သော အယ်ခိုင်းဒါးနှင့် ပေါင်းစည်းသည့်အုပ်စုများ ညွန့်ပေါင်းတစ်ရပ် ဖြစ်သည့် ဂျမားအတ် နားစယ်ရ် အယ်လ်အစ္စလာမ် ၀ါလ် မွတ်စလင်မင် (JNIM) နှင့် ပူးပေါင်းခဲ့ပါသည်။

၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ AAD အား လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား အက်ဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ ပြည်ပ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ယခင်က ၂၀၁၃ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ နိုင်ငံတော်သမ္မတအမိန့် ၁၃၂၂၄ ပြင်ဆင်ချက်အရ AAD အား အထူးသတ်မှတ်ထားသော တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် အမေရိကန် ပြည်ထောင်စု၏ တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ AAD ၏ အိုးအိမ်ခြံမြေနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားများအား ပိတ်ပင်လိုက်ပြီး အမေရိကန် နိုင်ငံသားများအား AAD နှင့် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင် တားမြစ်ထားပါသည်။ ထို့အပြင် AAD အား ပစ္စည်း အထောက်အပံ့ သို့မဟုတ် အရင်းအမြစ်များကို သိလျှက်နှင့် တမင်ပေးခြင်း၊ သို့မဟုတ် ပေးရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် ပေးရန် ကြံစည်ခြင်းသည် ရာဇဝတ်မှုဖြစ်ပါသည်။

Skip to content