About
အယ်ခိုင်းဒါးခေါင်းဆောင် အိုစားမားဘင်လာဒင်ထံ မိမိအုပ်စုအား သစ္စာခံခဲ့သော သေဆုံးသွားပြီဖြစ်သည့် အဘူမူဆဘ် အယ်လ်ဇာကာဝီသည် အီရတ်ရှိ အယ်လ်ခိုင်းဒါး (Al-Qa‘ida in Iraq – AQI) ကို ၂၀၀၄ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ ၁၉၉၀ ခုနှစ်များတွင် အစ္စလာမ်လောက၌ အမေရိကန်ပြည်ထောင်စုနှင့် အနောက်တိုင်း စစ်အင်အားစုများ ရှိနေခြင်းနှင့် အစ္စရေးအပေါ် အနောက်နိုင်ငံများမှ ပံ့ပိုးခြင်းနှင့် အစ္စရေးတည်ရှိနေခြင်းကို ဆန့်ကျင်ရန် အယ်လ်ဇကာဝီသည် AQI ယခင် အဖွဲ့အစည်းဖြစ်သည့် အယ်ထောဟစ်ဒ် ၀ါလ်ဂျီဟဒ် အကြမ်းဖက်အုပ်စုကို စည်းရုံးခဲ့ပါသည်။ အမေရိကန် ပြည်ထောင်စု ဦးဆောင်သည့် နိုင်ငံ ၄၀ ကျော်ပါ ညွန့်ပေါင်း အဖွဲ့အစည်းမှ အီရတ်နိုင်ငံကို ကျူးကျော်ဝင်ရောက်သော အီရတ်လွတ်မြောက်မှု စစ်ဆင်ရေး အတောအတွင်း အယ်လ်ဇကာဝီသည် အီရတ်သို့ သွားရောက်ခဲ့ပြီး ၎င်းသေဆုံးသည့် ၂၀၀၆ ခုနှစ် ဇွန်လအထိ အမေရိကန် ပြည်ထောင်စုနှင့် ညွန့်ပေါင်း အင်အားစုများအား ဆန့်ကျင် တိုက်ခိုက်ရန် ၎င်း၏အုပ်စုကို ဦးဆောင်ခဲ့ပါသည်။ နိုင်ငံခြားသားများအား အီရတ်မှထွက်ခွာဖို့ ဖိအားပေးရန်၊ အမေရိကန် ပြည်ထောင်စုနှင့် အီရတ်အစိုးရအား အီရတ်မှ လူကြိုက်များသော ထောက်ခံမှုကို လျော့နည်းစေရန်နှင့် တပ်သားသစ်များကို ဆွဲဆောင်ရန်အတွက် AQI သည် ထိုညွန့်ပေါင်းနှင့် အီရတ်အင်အားစုများအား ပစ်မှတ်ထားခဲ့ပါသည်။ ၂၀၀၆ ခုနှစ် အောက်တိုဘာလတွင် AQI သည် မိမိကိုယ်ကိုယ် အီရတ်ရှိ အစ္စလာမ်နိုင်ငံဟု လူသိရှင်ကြား ပြန်လည်၍ အမည်ပေးခဲ့ပါသည်။ ၂၀၁၃ ခုနှစ် AQ မှ သီးခြားခွဲထွက်ပြီးနောက် ထိုအုပ်စုသည် အီရတ်နှင့် ဆီးရီးယား၏ အစ္စလာမ်နိုင်ငံ (Islamic State of Iraq and Syria – ISIS) ဖြစ်သွားပါသည်။
၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်တွင် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနမှ (ယခု ISIS ဟုသိကြသည့်) AQI အား လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားအက်ဥပဒေ ပုဒ်မ ၂၁၉ ပြင်ဆင်ချက်အရ ပြည်ပအကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပါသည်။ ယခင်က ၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဌာနသည် AQI အား နိုင်ငံတော်သမ္မတ၏ အမိန့်အမှတ် ၁၃၂၂၄ ပြင်ဆင်ချက်အရ အထူးသတ်မှတ်ထားသော တစ်ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားဟု သတ်မှတ်ခဲ့ပါသည်။ အကျိုးဆက်အနေဖြင့် အမေရိကန် ပြည်ထောင်စု တရားစီရင်ပိုင်ခွင့် နယ်ပယ်ရှိ ISIS ၏ အိုးအိမ်ခြံမြေနှင့် အိုးအိမ်ခြံမြေရှိ အကျိုးစီးပွားအားလုံးအား ပိတ်ပင်လိုက်ပြီး၊ အမေရိကန် နိုင်ငံသားများအား ISIS နှင့် လုပ်ငန်းများလုပ်ကိုင်ခြင်းကို ယေဘုယျအားဖြင့် ပိတ်ပင် တားမြစ်ထားပါသည်။ ထို့အပြင် ISIS အား ပစ္စည်းအထောက်အပံ့ သို့မဟုတ် အရင်းအမြစ်များကို သိလျှက်နှင့်တမင် ပေးခြင်း၊ သို့မဟုတ် ပေးရန် ကြိုးပမ်းခြင်း၊ သို့မဟုတ် ပေးရန် ကြံစည်ခြင်းသည် ရာဇဝတ်မှုဖြစ်ပါသည်။
